Christine Stride is Executive Assistant to the Baptist National Leader and works at the Baptist National Support Centre in Auckland. She is a member of Titirangi Baptist Church. Translation of this article into Burmese thanks to Tha Boe Kyaw, Pastor, Grace Baptist Church, Palmerston North.

ခရစ်စတင်းစထရိုက်သည် ပြည်လုံးနှစ်ခြင်းခေါင်းဆောင်၏လက်ထောက်အလုပ်အမှုဆောင်ဖြစ်ပြီး၊ အော့ကလန်မြို့ရှိ ပြည်လုံးနှစ်ခြင်းထောက်ပို့ဌာန၌အလုပ်လုပ်ကိုင်နေသည်။ သူမသည် Titirangi (ထီထီရန်ဂီ)နှစ်ခြင်းအသင်းတော်၏ အသင်းဝင်တစ်ဉီးဖြစ်သည်။

ဤဆောင်းပါးအားမြန်မာဘာသာဖြင့်ပြန်ဆိုထားခြင်း၊ ကျေးဇူးတော်နှစ်ခြင်းအသင်းတော် ပါမယ်စတန်နော့သ်၏ သင်းအုပ် သပိုးကျော်အားကျေးဇူးတင်ရှိပါသည်။

No longer foreigners and strangers

တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်

When Hana Park from Riccarton Baptist calls herself a ‘global’, she’s referring to the fact that she was born in South Korea but now lives in New Zealand.

ဟာနာဖါ့ခ်(Hana Park)သည် မိမိကိုယ်ကို ‘ကမ္ဘာတဝှမ်း’ မှ ပုဂ္ဂိုလ်တစ်ဉီးဟု ဆိုရာတွင်၊ သူမသည် တောင်ကိုရီးယားနိုင်ငံ၌မွေးဖွားခဲ့ပြီး လက်ရှိတွင် နယူးဇီးလန်းနိုင်ငံ၌ နေထိုင်နေကြောင်းကို ဆိုလိုခြင်းဖြစ်သည်။

Hana introduced the global celebration at our 2024 Baptist Hui, an evening filled with music and reflections from people of various cultures which was, for many, the Hui highlight. 

၂၀၂၄ ခုနှစ် နှစ်ခြင်းခရစ်ယာန်များတွေ့ဆုံပွဲ၌ ကမ္ဘာတဝှမ်းဆိုင်ရာဂုဏ်ပြုခြင်းအခမ်းအနားအား ဟာနာမှ အစပြုခဲ့သည်။ ယဉ်ကျေးမှုအမျိုးမျိုးမှ ပုဂ္ဂိုလ်များထံမှ ပြန်ပြောင်းဆင်ခြင်ချက်များနှင့်တေးဂီတများဖြင့် ပြည့်ဝသော ညနေခင်းတစ်ခုဖြစ်ခဲ့ပြီး၊ အများစုအတွက် တွေ့ဆုံပွဲ၏အထူးအမှတ်ရစရာပင်ဖြစ်ခဲ့သည်။

Hana admitted that after being asked to introduce the event she worried people wouldn’t understand what she was saying, that she might not represent the other ‘globals’ well enough, and that people wouldn’t welcome her “because I look different to most people in this place". 

ပွဲအစပြုရန် မိမိအား စေခိုင်းခဲ့ချိန်၌ မိမိပြောဆိုသောအရာများကို သူတစ်ပါးနားမလည်မည်၊ သူမအနေဖြင့် ကမ္ဘာတဝှမ်းမှအခြားသော ပုဂ္ဂိုလ်များအား သင့်လျော်စွာ ကိုယ်စားမပြုမည်၊ ဤပွဲသို့တက်ရာက်လာသည့် လူအများစုနှင့် မိမိသည် ကွာခြားနေ၍ မိမိအား ကြိုဆိုအသိအမှတ်မပြုမည်ဟူသော အ‌ကြောင်းအရာများကြောင့် စိုးရိမ်နေခဲ့ကြောင်း ဟာနာမှ ဝန်ခံခဲ့ပါသည်။

Then she received this verse from God, from Ephesians 2:19-22.

‘Consequently, you are no longer foreigners and strangers, but fellow citizens with God’s people and also members of his household...’ 

ထို့နောက် ဘုရားသခင်အထံတော်မှ ဤကျမ်းပိုဒ်အား သူမ ရရှိခဲ့သည်။ ၄င်းမှာ ဧဖက်သြဝါဒစာစောင် ၂း၁၉ “ထိုကြောင့်၊ သင်တို့သည် တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်း ဖြစ်ကြ၏” ပင်ဖြစ်သည်။

And Hana needn’t have worried; despite delegates delving into some serious constitutional issues the previous day, the atmosphere on Friday night was super-supportive and celebratory.

ထိုသို့ဖြင့် ဟာနာသည် စိုးရိမ်စရာမလိုတော့ပေ။ ယမန်နေ့၌ ကိုယ်စားလှယ်များမှ ဖွဲ့စည်းပုံနှင့်စပ်လျဉ်းသော အရေးပါအကြောင်းအရာများအား ပြောဆိုဆွေး‌နွေးခဲ့ကြသော်လည်း၊ သောကြာနေ့ည၏ ခံစားမှုဝန်းကျင်အခြေအနေမှာမူ လွန်စွာအထောက်အကူဖြစ်ဖွယ်ရာနှင့် အောင်ပွဲတစ်ခုပင်ဖြစ်သည်။

ပုံ(Image) - ဟာနာဖါ့ခ်(Hana Park)

“We had to lay down our careers…”

“ကျမတို့ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်များကိုစွန့်လွှတ်ခဲ့ရတယ်...”

Hana was also on a panel of people not born in New Zealand who shared their thoughts on what being Christian was like for them and their families — in their country of origin and in New Zealand. 

နယူးဇီးလန်းနိုင်ငံဖွါးမဟုတ်သောသူများသည် မိမိတို့နှင့်မိမိတို့မိသားစုများအတွက် မိမိတို့ဇာတိတိုင်းပြည်နှင့်နယူးဇီးလန်းနိုင်ငံ၌ ခရစ်ယာန်ဖြစ်ရခြင်း၏ အခြေအနေနှင့်ပတ်သတ်၍ အမြင်များအား နှီး‌နှောဖလှယ်ရာ၌ ဟာနာသည်လည်း ဉီးဆောင်ပါဝင်ခဲ့သူတစ်ဉီးဖြစ်ခဲ့ပါသည်။

Panellist Jane Cong Ye, a pastor from Oxford Terrace Baptist Church, moved to New Zealand from China 12 years ago. Jane told how God had called her and her husband to give up everything they owned and start an ‘underground church’, one not supported by the Chinese Government.

ဆွေး‌နွေးပွဲဉီးဆောင်ပါဝင်သူအခြားတစ်ဉီးဖြစ်သည့် ဂျိမ်းကောင်းယီ(Jane Cong Ye)သည်၊ လွန်ခဲ့သော ၁၂ နှစ်က တရုတ်နိုင်ငံမှ နယူးဇီးလန်းနိုင်ငံသို့ ပြောင်းရွေ့လာခဲ့ပြီး၊ လက်ရှိ အောက်စ်ဖို့နှစ်ခြင်းအသင်းတော်(Oxford Baptist Church)၏ သင်းအုပ်တစ်ပါးဖြစ်သည်။ မိမိနှင့်မိမိအမျိုးသားတို့သည် မိမိတို့ပိုင်ဆိုင်သောအရားအားလုံးကို စွန့်လွှတ်ပြီး၊ တရုတ်အစိုးရ၏ အားပေးမှုမရှိသော ‘မြေအောက်အသင်းတော်’ တစ်ပါးကို အစပြုရန် ဘုရားသခင်မှ ခေါ်ဆိုခဲ့ကြောင်း ဂျိမ်းက ဆိုသည်။

“Twenty years ago, I [was] a businesswoman, not a Christian. Then suddenly Jesus invaded my life and showed me he was God, my saviour.

“လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက ကျမက စီးပွါးရေးသမားတစ်ယောက် ဖြစ်ခဲ့တယ်၊ ခရစ်ယာန်တစ်ယောက်မဟုတ်ခဲ့ဘူး။ ထိုနောက် ‌ယေရှုက ကျမဘဝထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး၊ သူက ကျမရဲ့ကယ်တင်ရှင်၊ ကျမရဲ့ဘုရားဖြစ်ကြောင်း ပြသခဲ့တယ်။

We had to lay down our careers, everything. We owned a lot of properties but [through dreams and visions] God commanded us to sell them and give money to the poor and support our ministry.”

ကျမတို့ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်များ အားလုံးကို စွန့်လွှတ်ခဲ့ရတယ်။ ကျမတို့ ပစ္စည်းဉစ္စာများစွာ ပိုင်ဆိုင်ခဲ့တယ်၊ သို့သော်လည်း အဲ့ဒီအရာတွေအားလုံးကို ရောင်းပြီး ဆင်းရဲသားတွေကို ဝေမျှဖို့နဲ့ ကျမတို့အမှုတော်ကို ထောက်ပံ့ဖို့ရန်၊ အိပ်မက်ရူပါရုံများအားဖြင့် ဘုရားသခင်က စေခိုင်းခဲ့တယ်။”

The police were always watching them, Jane said.

မိမိတို့အား ရဲများမှ အချိန်တိုင်း စောင့်ကြည့်နေခဲ့ကြောင်း ဂျိမ်းက ဆိုသည်။

“Once my husband was detained for 21 days, and I was arrested for preaching. Our daughter, then 12, almost gave up education, fearing she would lose us. But we had no choice; the only thing we could do was kneel down and pray, ‘Lord, if we die, we die, but do not let us die for our own sins but for your glory’.”

“တစ်ကြိမ် ကျမ‌ယောကျ်ား ၂၁ ရက်ကြာ အထိန်းအသိမ်းခံခဲ့ရသလို၊ ကျမလည်း တရားဟောလို့ အဖမ်းခံခဲ့ရဖူးတယ်။ ကျမတို့ကို ဆုံးရှုံးမှာစိုးလို့ အဲ့ဒီအချိန်တုန်းက အသက် ၁၂ နှစ် အရွယ်ရှိတဲ့ ကျမတို့သမီးလေးလည်း၊ ပညာရေးကို လက်လျော့ဖို့ နည်းနည်းလေးပဲ လိုတော့တယ်။ ကျမတို့မှာ ဘာရွေးချယ်စရာမှ မရှိတော့တဲ့အတွက်၊ ကျမတို့ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ဒူးထောက်ပြီး ဆုတောင်းဖို့ပါပဲ၊ ‘သခင်၊ ကျမတို့ သေရမယ်ဆိုရင်လည်း သေရမှာပါ။ သို့သော် ကျမတို့ရဲ့အပြစ်ကြောင့်မဟုတ်ဘဲ ကိုယ်တော့်ရဲ့ဘုန်းတော်အတွက် သေစေပါ’။”

ပုံ(Image) - ဂျိမ်းကောင်းယီ(Jane Cong Ye)

What could New Zealand churches learn from the global church?

ကမ္ဘာလုံးဆိုင်ရာအသင်းတော်မှ နယူးဇီးလန်းအသင်းတော်များ မည်သည့်အရာများ သင်ယူနိုင်ပါသနည်း

Another panellist, New Generation Church pastor Eduardo Mendonca, was asked what New Zealand churches could learn from churches in his home country of Brazil. 

ဆွေး‌နွေးပွဲဉီးဆောင်ပါဝင်သူအခြားတစ်ဉီးဖြစ်သည့်၊ မျိုးဆက်သစ်အသင်းတော်(New Generation Church)၏ သင်းအုပ် အီဒူအာဒိုမန်ဒွန်ခါ(Eduardo Mendonca)အား နယူးဇီးလန်းနိုင်ငံအသင်းတော်များအနေဖြင့် သူ၏နိုင်ငံဖြစ်သည့် ဘရာဇီးလ်(Brazil)နိုင်ငံရှိ အသင်းတော်များမှ မည်သည့်အရာများ သင်ယူနိုင်ပါသနည်း ဟု မေးမြန်းခဲ့သည်။

“Brazilians are a passionate people,” he said. "If we're cooking, we're passionate about cooking, if we’re watching football, we’re passionate about football! If we’re worshiping God, we’re passionate about worshiping God! Brazil has 200 million people, so I’m generalising, but most Christians are passionate.”

“ဘရာဇီးလ် လူတွေက စိတ်ပြင်းပြတဲ့ လူတွေဖြစ်တယ်” ဟု သူက ဆိုသည်။ “ချက်ပြုတ်နေရင်၊ ချက်ပြုတ်ခြင်းမှာ စိတ်ပြင်းပြကြတယ်။ ဘောလုံးပွဲကြည့်နေရင်၊ ဘောလုံးပွဲမှာ စိတ်ပြင်းပြကြတယ်။ ဘုရားကို ဝတ်ပြုကိုးကွယ်နေရင်လည်း၊ ဝတ်ပြုကိုးကွယ်ခြင်းမှာ စိတ်ပြင်းပြကြတယ်။ ဘုရားဇီးလ်နိုင်ငံမှာ လူပေါင်း သန်း ၂၀၀ လောက်ရှိတဲ့အတွက်၊ ‌ယေဘုယျအားဖြင့် ကျတော်ပြောနေခြင်းဖြစ်တယ်။ သို့သော် ခရစ်ယာန်အများစုဟာ စိတ်ပြင်းပြကြတယ်။”

“One thing I find so beautiful is the dependence on God. We are a free country and don’t have the same kind of persecution [as some countries do]. But Brazil is a very poor country, we struggle with many things. For Brazilians, God is the only source of everything – protection, sustenance, providence – and this dependence leads to a genuine devotion to God. They say, ‘God it’s only you we have but also only you we need’.”

“ကျတော်တွေ့ရှိတဲ့ အင်မတန်မှ လှပတဲ့အရာတစ်ခုကတော့ ဘုရားအပေါ်မှာ ခိုလှုံခြင်း ဖြစ်တယ်။ ကျတော်တို့နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံတစ်ခု ဖြစ်ပြီး၊ အချို့သောနိုင်ငံများမှာ ကြုံရတဲ့ ညှင်းဆဲနှောင့်ယှက်ခြင်းမျိုး ကျတော်တို့မှာ မရှိပါဘူး။ သို့သော် ဘရာဇီးလ်ဟာ ဆင်းရဲတဲ့နိုင်ငံတစ်ခုဖြစ်သည့် အားလျော်စွာ၊ ကျတော်တို့ရုန်းကန်ရတဲ့အရာတွေ အများအပြားရှိတယ်။ ဘရာဇီးလ်လူမျိုးများအတွက် ဘုရားသခင်သာလျှင် အရာခပ်သိမ်းရဲ့အရင်းအမြစ်(အကွယ်အကာ၊ ခံနိုင်ရည်စွမ်း၊ အထောက်အပံ့) ဖြစ်ပြီး၊ ထိုသို့အားကိုးခိုလှုံခြင်းက ဘုရားသခင်ကို မှန်ကန်စွာ ကိုးကွယ်ဆည်းကပ်မှုကို ဖြစ်စေတယ်။ ‘ဘုရားသခင် ကျွန်ုပ်တို့၌ ကိုယ်တော်သာလျှင် ရှိသည်၊ သို့သော် ကျွန်ုပ်တို့ လိုအပ်သည်မှာလည်း ကိုယ်တော်သာလျှင် ဖြစ်သည်” ဟူ၍ သူတို့ ပြောဆိုကြသည်။

ပုံ(Image) - အီဒူအာဒိုမန်ဒွန်ခါ(Eduardo Mendonca)

Where is your church finding joy right now?

ယခုလက်ရှိ သင့်အသင်းတော်၏ ဝမ်းမြောက်ခြင်းတွေ့ရှိရာမှာ မည်သည့်နေရာ ဖြစ်သနည်း

Originally from China, JJ attends SouthWest Baptist Church and is involved in SWBC’s English language and fellowship programme called Rice Cube. 

တရုတ်နိုင်ငံမှ ရောက်လာပြီး၊ ‌ဂျေဂျေ(JJ)သည် အနောက်တောင်ပိုင်းနှစ်ခြင်းအသင်းတော်(SouthWest Baptist Church)သို့တက်ရောက်လျက်ရှိကာ၊ အသင်းတော်၏ ဆန်တုံး(Rice Cube) တည်းဟူသော အင်္ဂလိပ်ဘာသာစကားနှင့်မိဿဟာယဖွဲ့ခြင်းအစီအစဉ်၌ ပါဝင်နေသည်။

Rice Cube teaches English through the Bible and the students share a meal once a week. 

ဆန်တုံး(Rice Cube)သည် သမ္မာကျမ်းစာအားဖြင့် အင်္ဂလိပ်ဘာသာ သင်ကြားခြင်း အစီအစဉ်ဖြစ်ပြီး၊ ကျောင်းသားများသည် တစ်ပတ်လျှင်တစ်ကြိမ် အတူတကွစားသောက်ခြင်းလည်း ရှိသည်။

“I see God at work among those people [who attend the programme]. They don’t always lack anything physically, but they have a hunger for the Lord. I see the Lord move in their lives through the Holy Spirit.”

“အဲ့ဒီ အစီအစဉ်ကိုတက်ရောက်လာတဲ့ သူများအကြားမှာ ဘုရားသခင်အလုပ်လုပ်နေတာကို ကျမ မြင်တွေ့ရတယ်။ သူတို့မှာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် ဘာတစ်ခုမှ အမြဲတစေ မရှိပေမဲ့၊ သခင်ဘုရားကို သူတို့ ဆာငတ်ကြတယ်။ သူတို့အသက်တာထဲမှာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သခင်ဘုရား လှုပ်ရှားနေတယ်ဆိုတာကို ကျမ သိမြင်ရတယ်။”

JJ said it had been encouraging to hear someone tell her that since he came to Rice Cube, he’d learned to love his neighbour.

‌ဆန်တုံး(Rice Cube)အစီအစဉ်သို့ အစပြုတက်ရောက်ခဲ့သည့်အချိန်မှစ၍ သူ၏အိမ်နီးချင်းများအား ချစ်ခင်တတ်ခဲ့သည်ဟုဆိုသော အမျိုးသားတစ်ဉီး၏ ပြောကြားချက်ကြောင့် အားတက်ဖွယ်ဖြစ်ခဲ့ကြောင်း ဂျေဂျေ(JJ) မှ ဆိုသည်။

ပုံ(Image) - ဂျေဂျေ(JJ)

Raising the rafters!

တံကျင်(ဒိုင်း)များကိုမြှင့်တင်ခြင်း(raising the rafters!)

The Chin Glory Baptist Church Choir, who travelled from Nelson for the evening, raised the rafters with their beautiful voices. The Chin people are from the Chin state in Myanmar, and the choir was a combination of three different Chin churches based in the upper south. 

အစည်းအဝေးညနေခင်းသို့ နယ်လ်ဆင်(Nelson)မြို့မှ ရောက်လာသော၊ ချင်းဂလိုရီနှစ်ခြင်းအသင်းတော်(Chin Glory Baptist Church) ကွါယာသံစုံသီချင်း၏ သာယာနာပျော်ဖွယ် သီဆိုသံများသည် တံကျင်(ဒိုင်း)များကိုမြှင့်တင်ခဲ့သည်။ ချင်းလူမျိုးများသည် မြန်မာနိုင်ငံ ချင်းပြည်နယ်မှ ဖြစ်ကြပြီး၊ ကွါယာသံစုံသီချင်းမှာ တောင်ဘက်ကျွန်းအထက်ပိုင်းမှ ချင်းအသင်းတော်သုံးပါး စုပေါင်းသီဆိုခဲ့ခြင်းဖြစ်သည်။

ပုံ(Image) - ချင်းဂလိုရီနှစ်ခြင်းအသင်းတော်(Chin Glory Baptist Church) ကွါယာသံစုံသီချင်း ဖြစ်သည်။

Being bold in prayer

ဆုတောင်းခြင်း၌ ရဲရင့်ခြင်း

Vann Cenhrang (pictured speaking) of the Chin Glory Baptist Church later led us in intercessory prayer, encouraging everyone to be bold and get out of their comfort zones by going to a different part of the room and praying out loud altogether for different parts of our world and for our leaders and our movement.

ချင်းဂလိုရီနှစ်ခြင်းအသင်းတော်(Chin Glory Baptist Church)၏ ဗန်ဆန်းရမ်(Vann Cenhrang)မှ ကြားဝင်ဆုတောင်းခြင်း(Intercessory prayer)အစီအစဉ်အား ဉီးဆောင်ခဲ့ပြီး၊ အစည်းအဝေးတက်ရောက်လာသူ အားလုံးအား မိမိတို့၏သက်တောင့်သက်သာနယ်မြေမှထွက်၍ ခန်းမထဲရှိ နေရာအသီးအသီးသို့ သွားကာ၊ ကျွန်ုပ်တို့၏လှုပ်ရှားမှု၊ ခေါင်းဆောင်များနှင့် ကမ္ဘာကြီးအတွက် ရဲ့ရင့်စွာ အော်ဟစ်ဆုတောင်းကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။

ပုံ(Image) - ကြားဝင်ဆုတောင်းခြင်း(Intercessory prayer)

What it’s like being Christian in Myanmar?

မြန်မာနိုင်ငံ၌ ခရစ်ယာန်ဖြစ်ရခြင်းမှာ မည်သို့ဖြစ်သနည်း

Translated by Vann Cenhrang, Chin leader Ni Kung explained what it was like being a follower of Jesus in Myanmar.

မြန်မာနိုင်ငံ၌ ခရစ်ယာန်ဖြစ်ရခြင်းသည် မည်သို့ဖြစ်သည်ကို ချင်းခေါင်းဆောင် နီခွန်း(Ni Kung)မှ ရှင်းပြခြင်းကို ဗန်ဆန်းရမ်(Vann Cenhrang)မှ ဘာသာပြန်ဆိုပေးခဲ့သည်။

American Baptist missionaries helped bring Christianity to the Chin province in the early 1900s, but because Myanmar is a Buddhist country, people can’t practise Christianity freely, he said. 

၁၉၀၀ အစောပိုင်းနှစ်များတွင် အမေရိကန်နှစ်ခြင်းသာသနာပြုများသည် ချင်းပြည်နယ်သို့ ခရစ်ယာန်ဘာသာအား သယ်ဆောင်လာခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောကြောင့်၊ ခရစ်ယာန်ဘာသာကို လွတ်လပ်စွာ မကျင့်သုံးနိုင်ပါဟု သူကဆိုသည်။

“If the military come to a church and say you can’t have a service then we can’t have a service. If we want to build a church and they don’t approve, then we can’t build a church. We’re still struggling. There is a lot of tension in Myanmar now ... and a lot of churches are being held in the jungle with no proper building.”

“ဘုရားရှိခိုးကျောင်းတစ်ခုကို စစ်တပ်ကလာပြီး ဘုရားဝတ်ပြုလို့မရဘူးလို့ ပြောရင်၊ ကျတော်တို့ ဝတ်ပြုကိုးကွယ်လို့မရဘူး။ ဘုရားကျောင်းဆောက်ချင်ပေမဲ့၊ သူတို့ခွင့်မပြုရင် ဆောက်လို့မရဘူး။ ကျတော်တို့ ရုန်းကန်နေရတုန်းပါပဲ။ အခုအချိန်မှာလည်း မြန်မာနိုင်ငံမှာ တင်းမာမှုတွေ ရှိနေပြီး၊ အသင်းတော်အများအပြားဟာ သင့်တော်တဲ့ အဆောက်အဉီးမရှိပဲ တောထဲမှာ ဝတ်ပြုနေကြရတယ်။”

Image: From left: Charles Hewlett and the panel of ‘globals’: Vann Cenhrang, Ni Kung, Jane Cong Ye, Eduardo Mendonca, Hana Park, JJ.

ပုံ(Image) - လက်ဝဲဘက်မှ - ချားလ်ဟြူးလက်(Charles Hewlett) နှင့် ဆွေးနွေးပွဲဉီးဆောင်ပါဝင်သူ ‘ကမ္ဘာတဝှမ်းမှပုဂ္ဂိုလ်များ’ - ဗန်ဆန်းရမ်(Vann Cenhrang)၊ နီခွန်း(Ni Kung)၊ ဂျိမ်းကောင်းယီ(Jane Cong Ye)၊ အီဒူအာဒိုမန်ဒွန်ခါ(Eduardo Mendonca)၊ ဟာနာဖါ့ခ်(Hana Park)နှင့် ဂျေဂျေ(JJ) တို့ ဖြစ်သည်။

The ends of the earth

မြေကြီးစွန်းတိုင်အောင်

Pastor Jonan Castillon noted the important role New Zealand plays in fulfilling the gospel mission of going to the ends of the earth. 

မြေကြီးစွန်းတိုင်အောင် ဧဝံဂေလိသာသနာ ကျယ်ပြန့်ဖို့ရန် နယူးဇီးလန်းနိုင်ငံသည် အရေးပါသည့် ကဏ္ဍ၌ ရှိနေကြောင်း သင်းအုပ်ဆရာ ဂျိုနန်ကက်စတေးလွန်(Jonan Castillon)မှ ထောက်ပြခဲ့သည်။

Jonan came to New Zealand in 2011 from the Philippines with his wife Jewell and their daughter, and he pastors at Oamaru Baptist. 

ဂျိုနန်သည် ၂၀၁၁ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံမှ နယူးဇီးလန်းနိုင်ငံသို့ ဇနီးသည် ဂျူဝဲလ်နှင့် မိမိတို့၏သမီးနှင့်တကွ ရောက်လာခဲ့ပြီး၊ လက်ရှိ အိုမာရူးနှစ်ခြင်းအသင်းတော်(Oamaru Baptist)၏ သင်းအုပ်အဖြစ် အမှုတော်ဆောင်လျက်ရှိသည်။

“The Christian migrants who arrive in NZ aren’t here just for the work, but to share the gospel, to obey the great commission,” he said. “They’re believers spreading the gospel to their colleagues and neighbours.

“နယူးဇီးလန်းနိုင်ငံသို့ရောက်လာသော ခရစ်ယာန်ရွေ့ပြောင်းလာသူများသည် အလုပ်လုပ်ကိုင်ရန်လာရောက်ခြင်းသက်သက်မဟုတ်ဘဲ၊ မဟာစေခိုင်းချက်အား လိုက်နာလျက်၊ ဧဝံဂေလိတရားကို ဝေမျှရန်ဖြစ်သည်” ဟု သူက ဆိုသည်။ “ထိုသူတို့သည် လုပ်ဖေါ်ကိုင်ဘက်များနှင့် အိမ်နီးချင်းများအကြား ဧဝံ‌ဂေလိသတင်းစကားကို ဖြန့်ဝေသော ယုံကြည်သူများဖြစ်ကြသည်။”

“Isn’t it wonderful that, after 140 years of overseas missions sending people to the ‘heathen’ countries, NZ is reaping what we have sown?"

“’ဘာသာမဲ့’ နိုင်ငံများသို့ သာသာနာပြုများအား စေလွတ်ခဲ့ပြီး နှစ်ပေါင်း ၁၄၀ ကြားပြီးနောက်၊ နယူးဇီးလန်းနိုင်ငံအနေဖြင့် ကျွန်ုပ်တို့စိုက်ပျိုးခဲ့သည်တို့ကို ရိတ်သိမ်းနေရသည်မှာ၊ ဝမ်းမြောက်ဖွယ် မဟုတ်ပါလော။”

“In obedience to Christ’s words in Act 1:8, Christian converts are excited to be coming to NZ – which for them is like the ends of the earth!”

“တမန်တော်ဝတ္ထု ၁း၈ ထဲမှ ခရစ်တော်၏စကားတော်အား နားခံလျက်၊ မိမိတို့အတွက် မြေကြီးစွန်းကဲ့သို့ဖြစ်သော နယူးဇီးလန်းနိုင်ငံသို့ လာရောက်ရခြင်းကို ပြောင်းလဲပြီးခရစ်ယာန်များသည် စိတ်လှုပ်ရှားကြသည်။”

ပုံ(Image) - ဂျိုနန်ကက်စတေးလွန်(Jonan Castillon)

New fellowships

မိဿဟာယအဖွဲ့ဝင်သစ်များ

Reti Ah-Voa, Regional Leader of the Northern Baptist Association (NBA), introduced three new fellowships to the Baptist whānau. 

  • Samoan Baptist Church of the Living Christ
  • Overflowing Baptist Korean
  • Hope of Heaven Baptist Korean


မြောက်ပိုင်းနှစ်ခြင်းအသင်းအဖွဲ့၏ ‌ဒေသခေါင်းဆောင် ရစ်ထီအာ-ဗိုဝါ(Reti Ah-Voa)မှ နှစ်ခြင်းမိသားစုထဲသို့ ဝင်လာသော အဖွဲ့ဝင်အသစ်သုံးပါးအား မိတ်ဆက်ခဲ့ပါသည်။

  • အသက်ရှင်သောခရစ်တော်၏ ဆာမိုဝမ်းနှစ်ခြင်းအသင်းတော် (Samoan Baptist Church of the Living Christ)
  • လျှံလျက်ရှိသောကိုရီးယားနှစ်ခြင်းအသင်းဝင်များ (Overflowing Baptist Korean)
  • ကောင်းကင်နိုင်ငံ၏မြော်လင့်ခြင်းနှစ်ခြင်းအသင်ဝင်များ (Hope of Heaven Baptist Korean)

Image: National Council chairperson Rod Robson, Rick Pierce from the NBA, Reti Ah-Voa, and the NBA’s Rachel Roche

ပုံ(Image) - ပြည်လုံးဆိုင်ရာကောင်စီဉက္ကဌ ရော့ရော့ဘ်ဆင်(Rob Robson)၊ မြောက်ပိုင်းနှစ်ခြင်းအသင်းအဖွဲ့(Northern Baptist Association – NBA)မှ ရစ်ခ်ပီးရား(Rick Pierce)၊ ရစ်ထီအာ-ဗိုဝါ(Reti Ah-Voa)နှင့် မြောက်ပိုင်းနှစ်ခြင်းအသင်းအဖွဲ့၏ ရိတ်ချဲလ်ရို့ချ်(Rachel Roche) တို့ဖြစ်ကြသည်။


Cover photo: Globals panel at the Baptist National Hui 2024. Still from video recording.

The initiative to translate an article into Burmese came from Vince Kilpatrick representing the Lower North Island Baptist Association, and pastor Tha Boe Kyaw of Grace Baptist Church, Palmerston North. They contacted the Baptist National Support Centre with the idea and offer as an experiment to see if engagement with our Burmese speaking people with national Baptist content would be easier in their own language. We welcome similar contact with the view to translate into more languages to reach more of our church whānau.

Read More Articles

This is gospel renewal: Kindness, good stewardship and persistent prayer Image
Stories
April 28, 2025 | Christine Stride Channel: 2144749

This is gospel renewal: Kindness, good stewardship and persistent prayer

Four stories of gospel renewal from our local Baptist churches that remind us God is always at work, everywhere.

By whom are we shaped? Image
Opinion
April 24, 2025 | Sarah Rice Channel: 2144749

By whom are we shaped?

This ANZAC Day, Sarah Rice encourages Christians to remember our allegiance is to Jesus, who died for his enemies.

Waiheke pastor’s Baptist church in Myanmar needs your donations and prayers Image
News
April 23, 2025 | Christine Stride Channel: 2144749

Waiheke pastor’s Baptist church in Myanmar needs your donations and prayers

Donate now to support emergency relief and help rebuild the Baptist Church in Manje, Myanmar, the home village of Waiheke Island Baptist Church pastor Roi…

';

Privacy Preference Center